ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးရဲမှူးတစ်ယောက်ရဲ့ရင်ဖွင့်သံ

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အချိန်က ရွေးကောက်ပွဲမတိုင်မှီ ၂၀၁၄-၂၀၁၅လက်ပံတောင်းပြဿနာသွားရောက်ဖြေရှင်းဖို့ အမေဒေါ်အောင်ဆန်းစုကြည် မန္တလေး တံတားဦးလေဆိပ်ကိုရောက်ရှိခဲ့တယ်။ကျနော့်တာဝန်က အမေ့အတွက်“အနီးကပ်လုံခြုံရေး”အမေစီးလာတဲ့လေယာဉ်လေဆိပ်ကိုဆိုက်ရောက်လာခဲ့ပြီ။ကြိုဆိုသူတွေကတစ်ဖက်ကျနော်ကတစ်ဖက်အမေလေယာဉ်ပေါ်မှလှေခါး ၃ ထစ်ခန့်အဆင်းမှာ..ကျနော်အမေ့ကိုအလေးပြုကြိုဆိုရင်းကျနော့်နှုတ် ကအလိုအလျှောက် ထွက်သွားတာကအမေအသက်ရှည်ပါစေ

အမေအသက်ရှည်ပါစေတဲ့ …ဒီတော့…အမေက ကျနော့်ဘေးရောက်လာတယ်နွေးထွေးတဲ့အကြည့်နဲ့ကျနော့်ကိုကြည့်တယ်..အမေ ကျနော့်ကို ပြုံးပြတယ်..အဲဒီအချိန်အမေကြားရုံလောက်ပါပဲ..အမေအသက်ရှည်ပါစေ လို့… တိုးတိုးလေးထပ်ပြောမိလိုက်တယ်။ကျနော့် အသွေးအသားတွေကအရင်ကနှင့်မတူကျနော့်စိတ်ဓာတ်တွေလည်းအရင်ကနှင့်မတူကျနော့်ရဲ့လှုပ်ရှားမှုတွေကလည်းအရင်ကနှင့်မတူတော့ဘူး။ကျနော်…ရဲမှူးမဟုတ်တော့ဘူးကျနော် တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတစ်ယောက်မဟုတ်တော့ဘူး။

မိခင်ကို အန္တရာယ် အပေါင်းမကျရောက်အောင်ကာကွယ်ပေးရတဲ့ သားတယောက်ရဲ့ခံစားချက်မျိုး ဖြစ်လာတယ်။မတူတဲ့စိတ်ခွန်အားတွေအစွမ်းကုန်စုစည်းထားပြီးတော့ ကျနော့်မျက်လုံးတွေ နားတွေကလည်း အရင်ကနဲ့မတူ အစွမ်းကုန်ဖွင့်ထားမိတယ်။အမေ့နားမှာရစ်သီရစ်သီနဲ့နွေးထွေးတဲ့ အမေ့ရဲ့ မေတ္တာတွေကကျနော်ပေါ်လွှမ်းခြုံသွားတယ်လို့စိတ်ထဲမှာအလိုလိုခံစားလိုက်မိတယ်။Facebook“လုံခြုံ ရေး” ဆိုတဲ့တာဝန်ထက်ပိုပြီးလေးနက်လွန်းသွားပြီ။တာဝန်…ဆိုတာထက်ပိုတယ်တာဝန်….ဆိုတာထက် ပိုပြီးလေးနက်တယ်။အေမ့ထက္ဘာကိုမွတန်ဘိုးမထားနိုင်တော့ဘူး။အန္တရာယ်မှန်သမျှ မြူတမှုန်စာမျှအတင္မခံနိုင္ဘူး။ကျနော့်ရဲ့အသက်နှင့်ခန္ဓာကိုအမေ့အတွက်ပေးထားပြီးပြီဆိုတဲ့ခံစားချက်မျိုးနဲ့….

ကျနော်….ရာထူးတွေ တာဝန်တွေမေ့လျော့သွားပြီကျနော်ဟာ…ဒေါ်အောင်ဆန်းစုကြည် ရဲ့သားတယောက်ဖြစ်သွားပြီ။ဒီလို မတူတဲ့ စိတ်ခွန်အားတွေဖြစ်အောင်” အမေ့ရဲ့ မေတ္တာဓာတ်က အစွမ်းထက်လွန်းပါတယ်။ဒီလိုနဲ့….အမေ့အတွက်VIP အခန်း နံပါတ် ၁ ကို စီစဉ်ကြတယ်။ကျနော့်ရဲ့အထက်လူကြီးတွေကအခန်းမှာရှိတဲ့ ခုံတွေထဲကမှသမ္မတအဆင့်ထိုင်တဲ့ခုံကိုဖယ်ပြီးတျခားခုံတလုံးကို အေမ့အတြက္ထိုင္ဖို့ပြုလုပ်စီမံကြတယ်။ကျနော်…ဒေါသထွက်သွားမိတယ်ဆရာ..ဘာလို့ ဒီခုံကို ဖယ်ရတာလဲလို့ကျနော်မေးလိုက်တော့..ဆရာကဖြေတယ်ဒီခုံက သမ္မတအဆင့်လူကြီးတွေထိုင်ဖို့လို့ ပြောတယ်။

ကျနော် ဝမ်းနည်းသွားတယ်ပေါက်ကွဲပစ်လိုက်ချင်မိတယ်အမေ့အတွက်တခဏတာနားခိုဖို့အတွက်တောင်ဒီထိုင်ခုံနေရာကို သူတို့ မသဒ္ဓါကြဘူး။ကျနော်…အတွေးထဲအမေ့မျက်နှာလေးကိုမြင်ယောင်မိတယ်သြော်…..အမေရယ်……ကျနော် မျက်ရည်မကျယုံပါပဲရင်ထဲမှာ ဆို့နင့်သွားရတယ်။၁၀မိနစ်လောက်ကြာတော့ကျနော့်ဆရာ ဖယ်ပစ်လိုက်တဲ့သမ္မတရာထူးအဆင့်တွေသာထိုင်ရတဲ့ထိုင်ခုံကိုပြန်ယူပြီး အမေထိုင်မယ့်နေရာမှာအလျှင်အမြန်ပြန်ရွှေ့ထားလိုက်တယ်။Facebookနောက်ထပ် ၅မိနစ်လောက်အကြာမှာအမေရောက်လာတယ်စောစောက ကျနော်ရွှေ့ပေးထားတဲ့သမ္မတအဆင့်သာထိုင်ရတဲ့ထိုင်ခုံပေါ်မှာအမေကထိုင်နေတာကိုတွေ့လိုက်ရတယ်။(အမေကတော့ ဒီအဖြစ်အပျက်တွေကိုဘာမွမသိပါဘူး။)

ဝမ်းသာမိတယ်ဗျာ….ကျနော့်ရင်ထဲက ကျနော့်စိတ်ထဲကတကယ့်ကိုလှိုက်လှိုက်လှဲလှဲနဲ့ပါပဲ…သူတို့မထိုင်စေလိုတဲ့ထိုင်ခုံကိုအမေ့အတွက်ထိုင်လို့ရအောင်ကျနော်လုပ်ပေးနိုင်ခဲ့ပြီ။တခဏတာအတွက်လေးတောင်ကျနော်ဝမ်းသာခဲ့မိတာဖော်မပြနိုင်အောင်ပါပဲ။အမိန့် ဆိုတာနဲ့ ရှင်သန်ခဲ့ရတဲ့ကျနော့်အတွက်အပြစ်တခုလို့ဆိုလာရင်လည်းကျေကျေနပ်နပ်ကြီးကျနော်ခံယူမယ်။ကျနော် အမေကလွဲပြီးဘာကိုမှ တန်ဖိုးမထားနိုင်တော့ဘူး။

ဘယ်ရာထူးဘယ်အဆောင်အယောင်မှကျနော်မလိုချင်တော့ဘူး။ကျနော့်စိတ်ထဲမှာ အမေကလွဲပြီးဘာမှမရှိတော့ဘူး။ကျနော် အတ္တကြီးသွားပြီ။အမေ့အတွက်ဆို ဘာတွေပဲရင်ဆိုင်ရပါစေဘာတွေပဲကြုံလာရပါစေကျနော်ရင်ဆိုင်မယ် ရင်ဆိုင်ရဲတယ်။ကျနော်တွေးမိတယ်ဒေါ်အောင်ဆန်းစုကြည် ဆိုတာအဲ့ဒီလို သတ္တိတွေကိုလည်း မွေးဖွားပေးစေတယ်။ကျော့ကျော့(ရတနာပုံတက္ကသိုလ်)(ရဲအုပ် သန်းထွန်း ၏ ရင်ဖွင့်စကားများကိုပြန်လည်ရေးသားပေးခြင်းဖြစ်ပါသည်။)Credit

Leave a Reply

Your email address will not be published. Required fields are marked *