မှုခင်းသတင်းများ

ရေကြည်မြို့နယ်၌ အရက်အတူသောက်ရာမှ မူးနေသည့် အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွင်းလျှားကျေးရွာအုပ်စု၊ ဘုရားကုန်းပိုင်းကျေးရွာ၌ အရက်အတူသောက်ရာမှ အရက်မူးနေသည့်အမျိုးသမီး တစ်ဦးအား အမျိုးသား ၂ဦးက သားမယားအဖြစ် ပြုကျင့်ခဲ့သည့် ဖြစ်စဉ် နိုဝင်ဘာ ၂၆ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည်။သားမယားအဖြစ် အတင်းအဓမ္မပြုကျင့်သူ ၂ဦးသည် အောင်ဇော်ဦး(ခ)တူးတူး(၃၃ နှစ်)နှင့် လှိုင်မျိုးကျော်(၂၀ နှစ်) ကွင်းလျှား အုပ်စု၊ ဘုရားကုန်းပိုင်း၊ ရေကြည်မြို့နယ်တွင် နေထိုင်သူများဖြစ်ကြပြီး ကျူးလွန်ခံရသည့် အမျိုးသမီးသည် (၃၀ နှစ်)ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၆ ရက်ညနေ ၅ နာရီခန့်တွင် အမျိုးသမီးသည် တစ်ရွာတည်းနေ အောင်ဇော်ဦး(ခ)တူးတူး၊ လှိုင်မျိုးကျော်တို့နှင့် ကွင်းလျှားအုပ်စု၊ ရေကျော်ရွာနေ ဒေါ်—၏ နေအိမ်တွင် အရက်အတူသောက်ခဲ့ကြပြီး ည ၇ နာရီခန့်တွင် မ—သည်အရက်မူးနေသဖြင့် ဘုရားကုန်းကျေးရွာသို့ပြန်ပို့ပေးစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လှိုင်မျိုးကျော်နှင့် အောင်ဇော်ဦး(ခ)တူးတူးတို့မှ အမျိုးသမီးအား တွဲခေါ်ပေးပြီး ကျေးရွာအနီး လမ်းမကြီးဘေးရှိ ကုက္ကိုပင်ကြီးအောက်သို့ အရောက်တွင် အောင်ဇော်ဦး(ခ)တူးတူးနှင့် လှိုင်မျိုးကျော်တို့မှ တစ်ယောက်တစ်လှည့် မိန်းမကိုယ်နှင့် စအိုအား တစ်ကြိမ်စီပြုကျင့်ခဲ့ပြီးထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမျိုးသမီးမှ အော်ဟစ်သဖြင့် ဘုရားကုန်းကျေးရွာသားအချို့ ရောက်ရှိလာပြီး အမျိုးသမီးအား နေအိမ်သို့ ထမ်းခေါ်သွားခဲ့ကြသည်။အမျိုးသမီးအား အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ခဲ့သူ ၂ဦးအား ငါးသိုင်းချောင်းနယ်မြေရဲစခန်းက (ပ)၂၆၈/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၇၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *