ပြည်တွင်းသတင်း

သဘာဝဓာတ်ငွေ့မှ လျှစ်စစ်ထုတ်လုပ်မည့် တန်ချိန် ၁သိန်းကျော်ရှိ သဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောကြီး ရန်ကုန်ရောက်ပြီ

ရန်ကုန်လျှစ်စစ်ဓာတ်အားဖြည့်တင်းရေးအတွက် တန်ချိန် ၁သိန်းကျော်ရှိ သဘာဝဓာတ်ငွေ့ရည်တင် သင်္ဘောကြီး ရန်ကုန်ရောက်ပြီဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရပါတယ်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်စေရန်  သဘာဝဓာတ်ငွေ့ရည် အား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအား မြန်မာနိုင်ငံ၏ပထမဦးဆုံးသော စီမံကိန်း အဖြစ် သီလဝါဒေသတွင် စတင်ဆောင်ရွက်ခဲ့ပြီး  တစ်နှစ်လျှင် မဂ္ဂါဝပ် (၃၅၀) ထုတ်လုပ်မည့် သီလဝါဒေသရှိစီမံကိန်းနှင့် မဂ္ဂါဝပ် (၄၀၀) ထုတ်လုပ်မည့် သာကေတစီမံကိန်းတို့ကို ၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း လိုအပ်သောလျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးနိုင်စေရေး နိုင်ငံတော်၏ အဓိကဦးစားပေးဆောင်ရွက်ရမည့် စီမံကိန်းတစ်ခု အဖြစ်ဆောင်ရွက်ရန် ယင်းသင်္ဘောရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရပါတယ်။  

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးဝင်းမြင့်အောင် က “ ဒီသင်္ဘောကြီးက ဒီမှာ ငါးနှစ်တာ စိုက်ကပ်ပြီးတော့မှ V-POWER ENERGY ပရောဂျက်အတွက် သာကေတ က ၄၀၀ မဂ္ဂါဝပ်နဲ့ သီလဝါက ၃၅၀ မဂ္ဂါဝပ် ပေါင်း ၇၅၀ မဂ္ဂါဝပ်အတွက် ရောက်လာတာဖြစ်ပါတယ်။ ဒီပရော ဂျက်က ရန်ကုန်အတွက်ကတော့ ဒီဇင်ဘာလ ကစပြီးပါဝင်တဲ့အတွက်ကြောင့် ကျေးရွာကစပြီး ၁၀၀ ရာခိုင်နှုန်း မီးရရှိလာနိုင်မှာပါ။” လို့ဆိုပါတယ်။

အဆိုပါ စီမံကိန်းအား ၂၀၁၉ ခုနှစ်၊ နှောင်းပိုင်းကာလတွင် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်ခဲ့ သော CNTIC V-POWER Group အား စီမံကိန်းအပ်နှင်းဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။

RGK+ Z&A Group, Chairmanနှင့် Group CEO ဖြစ်သူ ဦးဇေယျသူရမွန်က “ကျွန်တော်က ဒီနေ့ မြန်မာနိုင်ငံမှာ energy carrier ကြီး တစ်ခုကို အောင်မြင်စွာ ဖြစ်ပေါ်အောင် လုပ်ခဲ့တဲ့ အတွက်ကြောင့်မို့ အများကြီး ဂုဏ်ယူမိပါတယ်။ ဒီသင်္ဘောကြီးဟာ ဘာအတွက်လည်းဆိုတော့ မြန်မာပြည်ရဲ့ ပထမဦးဆုံး energy to power ဖြစ်ပါတယ်။ အဲ့ဒါမြန်မာနိုင်ငံရဲ့ လျှပ်စစ် ဓာတ်အားပေးဝေရေး၊လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းကို အများကြီး အထောက်အကူပြုပြီးတော့ အများကြီး energy security ဖြစ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အလုပ်သမားတွေ အလုပ်လုပ်ချိန်၊ အလုပ်သမားတွေ ရွှေ့ပြောင်းတဲ့ အချိန်တွေ အဲ့ဒါတွေလည်း ကျွန်တော်တို့လုပ်ရပါတယ်။ တကယ်တော့ ပါဝင် ပတ်သက်တဲ့ ဝန်ကြီးဌာနတွေဆိုရင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ ပါဝင်ပါတယ်။

တကယ်တမ်း စဉ်းစား ကြည့်ရင် ဝန်ကြီးဌာနမျိုးစုံရဲ့ အတူတကွ ပူးပေါင်းပါဝင် ညှိနှိုင်းပြီးတော့ အခုလိုခေတ်၊ အခုလိုခက်ခဲ့တဲ့ အချိန်မှာ ဒီလိုမျိုး အောင်မြင်အောင် လုပ်နိုင်တဲ့အတွက် ဂုဏ်ယူပြီး ကျေးဇူးတင်စကားပြောကြားခြင်း ဖြစ်ပါတယ်” လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *