ပြည်တွင်းသတင်း

မြန်မာ့တော်ဝင်မင်းသမီးကြီး ရတနာ နတ်မယ် ကွယ်လွန်ပြီ

မြန်မာ့ ကုန်းဘောင်နန်းဆက်က တော်ဝင်မင်းသမီးကြီးတပါးဖြစ်သူနှင့် အာဏာရှင် ဉီးနေဝင်း၏ ဇနီးဟောင်း အီတလီတွင်ကွယ်လွန် (၁၉၃၂-၂၀၂၀)******************************************

မြန်မာတနိုင်ငံလုံးကို နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ် နှိပ်စက် ယုတ်မာသွားခဲ့သည့် အာဏာရှင်ကြီး ဉီးနေဝင်း၏ ဇနီးဟောင်းဖြစ်သူ June Rose Bellamy ခေါ်ရတနာနတ်မယ်ကို အတော်များများက သိရှိကြသော်လည်း မြန်မာ့ကုန်းဘောင်မင်းဆက် မင်းမျိုးမင်းနွယ် တော်ဝင် မင်းသမီးတ ဉီးဖြစ်သည်ကိုမူ သိရှိသူ နည်းကြသည်။

ကနောင်မင်းသားကြီး၏ မြစ်၊ လင်းပင်မင်းသားကြီး၏ မြေးတော်စပ်သူတ ဉီးဖြစ်ပြီး သူမကို အာဏာရှင်ကြီးက ၁၉၆၃ ခုနှစ်က ဉရောပသို့သွားရောက်စ ဉ် မျက်စိကျသွားခဲ့ကာ မြန်မာပြည်ပြန်လာဖို့ တိုက်တွန်းခဲ့ပြီး ပြန်လာချိန်တွင် လက်ထပ် ခွင့်တောင်းယူ သိမ်းပိုက်ခဲ့ခြင်းဖြစ်မည်ဟု ယူဆရသည်။ ၁၉၇၈ ခုနှစ်တွင် လက်ထပ်ခဲ့ကာ ၅ လမျှသာပေါင်းသင်းခဲ့ပြီးနောက် အာဏာရှင် ဉီးနေဝင်းက အမေရိကန် ထောက်လှမ်းရေး စီအိုင်အေ သူလျှိုဟု စွပ်စွဲကာ ကွာရှင်းပြတ်စဲခဲ့သည်။

ထို့နောက် မူလ သူမနေထိုင်ရာ အီတလီသို့ ထွက်ခွာခဲ့ကာ အီတလီနိုင်ငံတွင်ပင် သူမဝါသနာပါရာ နိုင်ငံတကာနှင့် အီတလီ ချက်နည်းပြုတ် နည်းများဆိုင်ရာ သင်ကြားပြသခြင်းနှင့် မြန်မာပြည်ကကျောင်းသူကျောင်းသားများကို ဆေးပညာ ကော လိပ်များတွင် တက်ရောက်လေ့လာခွင့်ရရှိစေရန် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ပံပိုးပေးခဲ့သည်။

ချက်ပြုတ်နည်းစာအုပ်လဲ ထုတ်ဝေခဲ့ဖူးသည်။ သူမထုတ်ဝေခဲ့သော ချက်ပြုတ်နည်းစာအုပ်ကို အောက်တွင် ဖော်ပြထားပါသည်။ အသက် (၈၈) နှစ်အရွယ် ဆွိ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ သူမဘဝ အကျယ်ကို နက်ဖြန် ဒီဇင်ဘာ (၄) ရက်နေ့ နေရာတကာ စာမျက်နှာဝယ် စောင့်ကြည့်ဂျာနယ်တွင် ဖော်ပြမည့် အီတလီတွင်နေထိုင်သော ဆရာမ စူးစူး (ကောလင်း) ရေးသားသည့် ဒဏ္ဍာရီထဲက နှင်းဆီတပွင့် ဆောင်းပါးတွင် ဖတ်ရှုနိုင်မည်ဖြစ်ပါကြောင်း။

Leave a Reply

Your email address will not be published. Required fields are marked *