တရုတ်ဈေးကွက်တစ်ခုထဲ မှီခိုနေရသည့် မြန်မာ့ဖရဲသီးသည် ယခုအခါတွင် တရုတ်နိုင်ငံအပြင်
အရှေ့အလယ်ပိုင်းဒေသ ယူအေအီးနိုင်ငံအထိပါ ခြေဆန့်မှုပြုသွားနိုင်ပြီဟုသိရသည်။
ဈေးကွက်အသစ်တစ်ခု ရရှိသွားခဲ့ခြင်းဖြစ်ကာ ယူအေအီးနိုင်ငံက မြန်မာ့ ဖရဲကို ၂၅တန်မှာယူခဲ့၍ တင်ပို့မှုအား
ဒီဇင်ဘာလ ၆ရက်နေ့တွင် ရေကြောင်းခရီးစဉ်ဖြင့် ပထမဦးဆုံးတင်ပို့လိုက်ပြီဟုလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

မြန်မာနိုင်ငံဖရဲ၊သခွားမွှေးစိုက်ပျိူးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဌဦးနိုင်ဝင်းက တရုတ်ဈေးကွက်ကို အားကိုးနေရခြင်းအစား အခြားဈေးကွက်များပါ တိုးချဲ့ ရရှိရေး အမြဲမျှော်လင့်နေကြောင်း နိုင်ငံပိုင်မီဒီယာကို ပြောဆိုထားသည်။
“ဒူဘိုင်းရဲ့ ကုန်သည်တွေက ဖရဲသီးတန်ချိန် ၂၅တန်ကို မှာယူထားကြပြီး ဖရဲသီးတွေကို ဒီဇင်ဘာလ ၆ ရက်နေ့မှာ တင်ပို့ဖို့ စီစဉ်ထားပါတယ်။ ဒူဘိုင်းကို ရောက်ဖို့ ၁၇ ရက်လောက်ကြာမှာဖြစ်ပြီး အကယ်၍ သူတို့က ငါတို့ဖရဲသီးတွေကို ကြိုက်ရင် တစ်နှစ်ပတ်လုံး ဖရဲသီးဝယ်ကြမှာ ဖြစ်တယ်” လို့ ဦးနိုင်ဝင်းက ပြောကြားသည်။
နောက်ပြီး “မြန်မာနိုင်ငံရဲ့ ဖရဲသီးတွေကို ဟောင်ကောင် SAR၊ ယူအေအီးနဲ့ ကာတာနိုင်ငံတွေအထိ ဈေးကွက်တိုးချဲ့ဖို့ အစီအစဉ်ရှိတယ်” လို့ ထပ်မံပြောကြားခဲ့သည်။

မန်မာ့ ဖရဲ နှင့် အတူ သခွားမွှေးကိုပါ အမြည်းအနေဖြင့် ထည့်တင်ပို့လိုက်သည်ဟုလည်း သိရသည်။
ယူအေအီးနိုင်ငံက မြန်မာ့ဖရဲကို သဘောကျနှစ်ခြိုက်လျှင် ဆက်လက်တင်ပို့ရန်ရှိကာ
ကာတာ၊စင်ကာပူအထိ တက်လှမ်းနိုင်ရန် အသင်းက စီစဉ်နေသည်။

ပြီးခဲ့သည့် လပိုင်းကလည်း မြန်မာ့ ထောပတ်သီးသည် လန်ဒန်အထိ ပထမဦးဆုံးခြေဆန့်နိုင်ခဲ့ပြီး
စားသုံးသူများ၏ သဘောကျနှစ်ခြိုက်မှုကို ရထားသည်။
မျိုးစေ့မရှိသော(အစေ့လွတ်)ဖရဲသီးကို စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတိုင်းတို့တွင် စိုက်ပျိုးကြတာဖြစ်ပြီး ရိတ်သိမ်းရာသီက နိုဝင်ဘာလမှ မေလအထိဖြစ်သည်။ လက်ရှိမှာ ဖရဲသီးများကို အဓိကအားဖြင့် နယ်စပ်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည်။
COVID-19 ကူးစက်ပျံ့နှံ့မှုရဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ပြီးခဲ့သည့် ဘဏ္ဏာရေးနှစ်အတွင်း တရုတ်နိုင်ငံသို့ ဖရဲသီးနှင့် သခွားမွှေးတင်ပို့မှုသည် ခက်ခဲကြမ်းတမ်းမှုများ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းအခက်အခဲများကြောင့် သီးနှံ့ဈေးနှုန်းများ ကျဆင်းခဲ့ပြီး စိုက်ပျိုးသူများနှင့် ကုန်သည်များ အရှုံးပေါ်ကြရသည်။

မြန်မာနိုင်ငံသည် နှစ်စဉ်ဖရဲတန်ချိန် ၈၀၀,၀၀၀ ကျော်နှင့် သခွားမွှေးတန်ချိန် ၁၅၀,၀၀၀ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်ဟု သိရသည်။
Myanmar Harp