တိုက်ခန်းပေါင်း ၃ဝဝဝကျော်ပါဝင်မည့် ဒုတိယမြောက် City Loft စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုကောင်းမွန်သောမြို့နယ်ဒေသတွင် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်း စီမံကိန်းတွင် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အဆောက်အအုံများ၊ အပန်းဖြေ နေရာများနှင့် ရုံး၊ ဈေးစသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“City Loft @ StarCity ကို စတင်မိတ်ဆက်ခဲ့ချိန်က ပထမဆုံးအကြိမ် အိမ်ခန်းဝယ်ယူ ပိုင်ဆိုင် လိုသူ တွေ အရမ်းများနေတယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ရပါတယ်။

City Loft @ StarCity ကို ရောင်းချရမှုသည် ကျွန်တော်တို့ ယခင်က လုပ်ဆောင်ခဲ့တဲ့ အခြားစီမံကိန်းတွေထက် များစွာသာ လွန် ခဲ့ပါတယ်။
အိမ်ခန်းတွေကို ဝယ်ယူဖို့ အထူးလိုလား ကြတာကို ကြည့်ခြင်းအားဖြင့် လူလတ်တန်းစား လူငယ်တွေဟာ သူတို့ရဲ့ ပထမဆုံး ကိုယ်ပိုင်အိမ်ဝယ်ယူဖို့ စိတ်အား ထက်သန်နေတယ်ဆိုတာကို ဖော်ပြနေခြင်းဘဲဖြစ်ပါတယ်။

ဒုတိယမြောက် City Loft စီမံကိန်းကြောင့် ရန်ကုန်မြို့တွင် ကျွန်တော် တို့ရဲ့ စီမံကိန်းကို တိုးချဲ့နိုင်စေရုံသာမက မိမိတို့ရဲ့ အလုပ်ခွင်နေရာအနီးတွင် နေထိုင်လိုသူ များအ တွက်ပါ ပိုမို အဆင်ပြေလာစေမှာ ဖြစ်ပါတယ်” ဟု Yoma Strategic ၏ အမှုဆောင် ဥက္ကဌ ဖြစ်သူ Mr. Serge Pun က ပြောသည်။
City Loft အိမ်ရာစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ရန်ကုန်မြို့၏ အရှေ့ဘက် Star City တွင် စတင်ခဲ့ပြီး ၂၅ နှစ် အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။
Pyi Myanmar