Zawgyi ဖြင့်ဖတ်ရန်
အမေစု ဦးဆောင်တဲ့ အစိုးရကို အကူအညီတွေ ထပ်တိုးပြီးပေးသွားဖို့ ဥရောပနိုင်ငံပေါင်းစုံ သမဂ္ဂက ကြိုဆိုဂတိပြုလိုက်ပါပြီ
ရန်ကုန်၊၂၀၂၀၊ဒီဇင်ဘာ၅ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဥရောပကောင်စီ ဥက္ကဋ္ဌနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ တို့မှ ရွေးကောက်ပွဲအောင်မြင်မှု ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Mr. Charles MICHEL နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ၊ Ms. Ursula VON DER LEYEN တို့မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ၄ရက်ကသတင်းထုတ်ပြန်သည်။

သဝဏ်လွှာအရမကြာမီကာလက ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှု ခိုင်ခိုင်မာမာရရှိခဲ့သော အဆွေတော်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် မိမိတို့မှ များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆယ်စုနှစ် (၅) စုအတွင်း အရပ်သားအစိုးရ လက်ထက်တွင်
ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အရပ်သားအစိုးရနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါကြောင်းဖော်ပြပါရှိသည်။
ထို့အပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တာဝန်ခံမှုရှိရေး အပါအဝင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဥရောပသမဂ္ဂသည် ဆက်လက်၍ တည်ကြည်ခိုင်မာစွာ ကူညီပံ့ပိုးသူအဖြစ် ဆက်လက်ရပ်တည်သွားမည် ဖြစ်ပါကြောင်း၊

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအား Everything but Arms (EBA) အရ ကုန်သွယ်မှု အထူးအခွင့်အရေးများပေးအပ်မှု၊ ပညာရေးကဏ္ဍတွင် သိသာထင်ရှားသည့် ကူညီပံ့ပိုးမှုများ ပေးလျက်ရှိသည့်အပြင်၊
မြန်မာပြည်သူများအား လတ်တလော ပေးအပ်လျက်ရှိသည့် အကူအညီအား ဥပမာပြရမည်ဆိုပါက အလုပ်အကိုင်ဆုံးရှုံးခဲ့ကြသော မြန်မာအထည်ချုပ် လုပ်သားများစွာအတွက် အရေးပေါ် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊
ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှ ပေးဆပ်ရန်ရှိသည့်ကြွေးမြီများ ပြန်ဆပ်ရမည့် ကာလအား ရွှေ့ဆိုင်းပေးရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ပါကြောင်းဖော်ပြပါရှိသည်။

၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုထောက်ခံဆန္ဒမဲအများစုရရှိခဲ့ပြီး အစိုးရသစ်တစ်ရပ်မကြာမီဖွဲ့စည်းနိုင်မည်ဖြစ်သည်။
Source: D-Wave
Unicode ဖြင့်ဖတ်ရန်
အမေစု ဦးဆောင်တဲ့ အစိုးရကို အကူအညီတွေ ထပ်တိုးပြီးပေးသွားဖို့ ဥရောပနိုင်ငံပေါင်းစုံ သမဂ္ဂက ကြိုဆိုဂတိပြုလိုက်ပါပြီ
ရန်ကုန်၊၂၀၂၀၊ဒီဇင်ဘာ၅ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဥရောပကောင်စီ ဥက္ကဋ္ဌနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ တို့မှ ရွေးကောက်ပွဲအောင်မြင်မှု ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Mr. Charles MICHEL နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ၊ Ms. Ursula VON DER LEYEN တို့မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ၄ရက်ကသတင်းထုတ်ပြန်သည်။
သဝဏ်လွှာအရမကြာမီကာလက ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်မှု ခိုင်ခိုင်မာမာရရှိခဲ့သော အဆွေတော်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် မိမိတို့မှ များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆယ်စုနှစ် (၅) စုအတွင်း
အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အရပ်သားအစိုးရနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များအတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါကြောင်းဖော်ပြပါရှိသည်။