နိုင်ငံရေး စစ်ရေး

အမေစု ဦးဆောင်တဲ့ အစိုးရကို အကူအညီတွေ ထပ်တိုးပြီးပေးသွားဖို့ ဥရောပနိုင်ငံပေါင်းစုံ သမဂ္ဂက ကြိုဆိုဂတိပြုလိုက်ပါပြီ

Zawgyi ဖြင့်ဖတ်ရန် အမေစု ဦးဆောင်တဲ့ အစိုးရကို အကူအညီတွေ ထပ်တိုးပြီးပေးသွားဖို့ ဥရောပနိုင်ငံပေါင်းစုံ သမဂ္ဂက ကြိုဆိုဂတိပြုလိုက်ပါပြီ ရန်ကုန်၊၂၀၂၀၊ဒီဇင်ဘာ၅ရက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဥရောပကောင်စီ ဥက္ကဋ္ဌနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ တို့မှ ရွေးကောက်ပွဲအောင်မြင်မှု ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Mr. Charles […]

နိုင်ငံရေး စစ်ရေး

NLD ၏ ဖိတ်ခေါ်မှုကို လက်ခံကြောင်း အကြောင်းပြန်ထားသည့် တိုင်းရင်းသားပါတီ ၁၀ ခန့်ရှိလာ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဖိတ်ခေါ်မှုအပေါ်အကြောင်းပြန်ထားသည့် တိုင်းရင်းသားပါတီပေါင်း ၁၀ ပါတီခန့်ရှိကြောင်း ပါတီဗဟို အလုပ်အမှုဆောင်ဖြစ်သူ ဒေါက်တာမျိုးညွန့်က ပြောသည်။ “ဒီနေ့အချိန်ထိဆို အကြောင်းပြန်ပြီးတဲ့ ပါတီ ၁၀ ပါတီလောက်ရှိပါပြီ။ တိုင်းရင်းသားတွေရဲ့ ဖိတ်ခေါ်မှုကိုလက်ခံကြောင်း အကြောင်းပြန်စာတွေမှာ အများစု တောင်းဆိုထားကြတာက တန်းတူညီမျှ အုပ်ချုပ်ခွင့်ရရေး ၊ […]

နိုင်ငံရေး စစ်ရေး ပြည်တွင်းသတင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနားယူမယူနဲ့ပတ်သက်ပြီး တပ်မတော် ဘာပြောလဲ

လာမယ့် ၂၀၂၁ ခုနှစ်မှာ အသက် ၆၅ နှစ်ပြည့်မှာဖြစ်ပြီး နောက်ထပ် ငါးနှစ်သက်တမ်းတိုးတာဝန်ထမ်းဆောင်မှု ကုန်ဆုံးတော့မယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရာထူးက အနားယူမယူနဲ့ပတ်သက်ပြီး ဥပဒေကိုကျော်လွန်လုပ်ဆောင်ဖို့မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းက နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ […]

နိုင်ငံရေး စစ်ရေး

နိုင်ငံရေးမှာ တပ်မတော်ဝင်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေးပြီ

တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။နေပြည်တော် လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာအဆောင်မှာ ဒီနေ့ နေ့လည်ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို သတိပေးပြောဆိုလိုက်တာပါ။”တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာဟာ ပြည်သူကိုကာကွယ်ဖို့၊ တိုင်းပြည်ကို […]

နိုင်ငံရေး စစ်ရေး

ရွေးကောက်ပွဲဆိုင်ရာ အထောက်အထားတွေ ထုတ်မပေးဖို့ UEC ညွှန်ကြားမေခ

ရွေးကောက်ပွဲဆိုင်ရာ အထောက်အထားတွေကို ကူးယူခွင့်ပြုဖို့ တပ်မတော်က တောင်းခံနေချိန်မှာပဲ၊ ဘယ်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကိုမှ ခွင့်မပြုဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက တင်ပြပါမယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အမှတ်အသား အထောက်အထားတွေကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကူးယူခွင့်မပြုဖို့ […]

နိုင်ငံရေး စစ်ရေး

UEC အား နိုင်ငံတော်သမ္မတ ထိန်းကျောင်းပေးရန် တပ်မတော် ထုတ်ပြန်

ရန်ကုန် ၊ နိုဝင်ဘာ၃၀ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အနေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ဆောင်ရွက်ချက်တွေကို ဖြောင့်မတ်မှန်ကန်ပြီး တရားမျှတမှုရရှိစေရေး အတွက် ဥပဒေနှင့်အညီ လိုအပ်သလို ထိန်းကျောင်းပေးသင့်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့တပ်မတော် သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ […]